View Post

7 Habits’ Inside-Out Approach

In Be More, See More by aptunLeave a Comment

“The Most Powerful Lessons In Personal Transformation”ဒီ Post လေးမှာတော့ “7 Habits of Highly Effective People” ရဲ့ “Inside-Out Approach” ဆိုတာကို မျှဝေသွားပါမယ်။လူတစ်ယောက်မှာ Character ဆိုတဲ့ အကျင့်စရိုက်နဲ့ Personality ဆိုတဲ့ အပေါ်ပိုင်းဟန်ပန်တို့ရှိပါတယ်။ 7 Habits မှာ Character ကို သစ်ပင်တစ်ပင်ရဲ့အမြစ်တွေ အနေနဲ့တင်စားထားပြီး Personality ကိုတော့ ပင်စည်အနေနှင့် တင်စားထားပါတယ်။ အမြစ်ဖြစ်တဲ့ Character က မြေကြီးအောက်ထဲမှာ ရှိနေတဲ့အတွက် လူတွေအပေါ်ယံကြည့်ယုံနဲ့ မမြင်နိုင်ပါဘူး။ လူတစ်ယောက်ရဲ့ Character ကိုလည်း မြင်မြင်ခြင်း မသိနိုင်ပါဘူး။ Personality ကတော့ ပင်စည်ဖြစ်တဲ့အတွက် လူတွေအလွယ်တကူ မြင်နိုင်ပါတယ်။ ဒါကြောင့်လည်းအခု နောက်ပိုင်းမှာ Personality Training တွေ အမြင်ပိုင်းကိုလှအောင်လုပ်တဲ့ …

View Post

“Most Powerful Framework In Personal Transformation”

In See More by aptunLeave a Comment

Self-Help စာအုပ်တွေထောင်ပေါင်းများစွာထဲက ဘာလို့ Dr. Stephen R. Covey ရေးခဲ့တဲ့ 7 Habits of Highly Effective People က နှစ်တစ်ရာအတွင်း အကောင်းဆုံးလို့အသိအမှတ်ပြုခံ ထားရတာလဲ။ ကျွန်တော်ဒီမေးခွန်းကို ကိုယ်တိုင်မေးခဲ့တယ်။ ဒါပေမယ့် စာအုပ်ကိုဖတ်၊ FranklinCovey သင်တန်းတွေတက်ပြီးသွားတဲ့ အချိန်မှာ အဖြေကသူ့ဟာသူပေါ်လာတယ်။ လူအများစုကတော့ ဒါတွေသိပြီးသားပါလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့လိုက်လုပ်နေလားလို မေးလိုက်ရင်တော့ ၁၀၀ မှာ ၂ ယောက် ၃ ယောက်လောက် ပဲရှိပါတယ်။ ဒီစာအုပ်ထဲက Ideas တွေ ကတော့ အသိကိုထက် အလုပ်ကိုပိုပြီး ဦးစားပေးထားပါတယ်။ ဒီသင်တန်းကို ကျွန်တော်သင်လာတာ ၁ နှစ်ကျော်ကျော်ရှိပါပြီ။ သင်လိုက်တိုင်းလည်း သင်တန်းသားအားလုံးရဲ့ အရမ်းကောင်းသော Feedback များကို ရရှိခဲ့ပါတယ်။ အကျိုးရှိမှုကတော့ သိပ်ပြီးပြောနေစရာမလိုတော့ပါဘူး။ ကျောင်းသားလူငယ်ကစလို့ …

View Post

အရှုံးမပေးပဲ စိတ်ဓါတ်ကြံ့ခိုင်တဲ့ လူတွေမှာရှိတဲ့ အပြုအမူ ၆ခု။

In Be More by aptunLeave a Comment

💥 6 Behaviours of Resilient People 💥 📌Self-Motivated : စိတ်ဓါတ်တက်ကြွမှုနှင့် ပြင်းပြမှုတို့ဟာ ကိုယ့်စိတ်ထဲကလာတယ်။ သူများပြောလို့လုပ်တာမျိုး၊ လိုချင်တာမျိုးမဟုတ်။ သူများအားပေးမှုလည်း မလိုအပ်။ ကိုယ့်ကိုယ်ကိုယ် အားပေးနိုင်တယ်၊ အားပေးတယ်။🧠လိုအပ်သောအရည်အချင်း : Self-Awareness 📌Learn from failures : အမှားလုပ်မိရင် စိတ်ဓါတ်မကျပဲ အမှားထဲက သင်ခန်းစာကိုအမြဲယူတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၊ စိတ်ညစ်နေတာထက်၊ အခြေအနေ ပိုပြီးကောင်း မယ်ဆိုတာကို ယုံကြည်တယ်။🧠လိုအပ်သောအရည်အချင်း : Positive Thinking 📌Find alternative solutions : အခက်အခဲကြုံတွေ့လာရင် ဖြတ်ထိုးစဉ်းစားဥာဏ်ဖြင့် မတူသော ထူးခြားသော နည်းလမ်းသစ်များကို ရှာဖွေနိုင်စွမ်းရှိတယ်။🧠လိုအပ်သောအရည်အချင်း : Creativity 📌Seek help from others : သူများကို အကူအညီတောင်းဖို့ကို မရှက်ဘူး။ မသိတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းမေးတတ်ပြီး ကိုယ့်ထက်သိသူတွေဆီက လေ့လာမှုတွေပြုလုပ်တယ်။🧠လိုအပ်သောအရည်အချင်း : Humility 📌Manage difficult …

View Post

ယဉ်ကျေးတာထက် ပိုပါစေ။

In Uncategorized by aptunLeave a Comment

မိဘတွေဟာသား/သမီးတွေကို ငယ်ငယ်လေးမှစ၍ စကားကိုယဉ်ယဉ်ကျေးကျေးပြောအောင် ဆိုဆုံးမကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ယဉ်ကျေးတာနှင့် လုံလောက်သွားပြီလား။ ယဉ်ကျေးတာနှင့် ကျေးဇူးတရားကိုသိတာနှင့်တူလားဆိုတဲ့ မေးခွန်းတွေဟာ မေးစရာဖြစ်လာပါတယ်။  သုတေသနတွေအရ ကျေးဇူးတရားကိုသိတာဟာ လူတစ်ယောက်ရဲ့စိတ်ကျန်းမာရေးအတွက် အရမ်းအရေးကြီးတယ် ဆိုတာကိုငြင်းလို့မရပါဘူး။  ပိုအရေးကြီတဲ့အချက်က စကားကို ယဉ်ယဉ်ကျေးကျေး ပြောတတ်တာနဲ့ သူများရဲ့ ကျေးဇူးကိုသိတတ်တာနဲ့က မတူဘူးဆိုတာပါပဲ။ သူများကို ကျေးဇူးတင်ပါတယ် ပြောတာက သူများရဲ့ကျေးဇူးကို သိတယ်လို့ပြောလို့မရပါဘူး။ ကျေးဇူးတင်စကားမပြောတာထက် ပိုကောင်းပေမယ့် တကယ်ကျေးဇူးသိတတ်တယ်လို့ ဆိုလို့မရပါဘူး။ ပါးစပ်ဖြားလေးမှာတင် ပြီးသွားတဲ့စကားက အဲ့လောက်တန်ဖိုးမရှိပါဘူး။ ဒါကြောင့်မိဘတွေအနေနဲ့ ကလေးတွေကိုဆုံးမတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေးပြောတတ်ဖို့ဆိုတာက အဆုံးမဖြစ်စေသင့်ပါ။ သူများရဲ့ကျေးဇူးတရားကို သိတတ်ဖို့ကပိုအရေးကြီးပါတယ်။ ဥပမာအားဖြင့် မိမိတို့အိမ်မှာနေတဲ့ အိမ်အကူကိုလည်း ကျေးဇူးတင်စကားသာမက ကျေးဇူးသိတတ်အောင်ပါ သင်ပေးသင့်ပါတယ်။ နောက်တစ်ခေါက်ပြန်သတိပေးချင်တာက ကျေးဇူးတရားကိုသိတယ်ဆိုတာ သူများကိုအကျိုးပြုတာထက် ကိုယ့်ကိုယ့်ကိုယ်အများကြီး ပိုအကျိုးပြုတယ်ဆိုတဲ့အချက်လေးပါပဲ။ ဒါကြောင့် ဒီအသိတရားလေးကို မိမိရဲ့သား သမီးတွေကို မဖြစ်မနေသင်ပေးသင့်ပါတယ်။ 📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖ဒီအရည်အချင်းတွေကို မွေးထုတ်ပေးခြင်းကို …

View Post

ကျောင်းသားများနှင့် ပျော်ရွှင်စွာကခုန်နေသော ကျောင်းအုပ်ဆရာ။

In Uncategorized by aptunLeave a Comment

ကျောင်းသားများနှင့် ပျော်ရွှင်စွာကခုန်နေသော ကျောင်းအုပ်ဆရာ။ အသက် ၄၀ အရွယ်ရှိတဲ့ Mr. Zhang Pengfei ဟာ တရုပ်ပြည်နယ်တစ်ခုက မူလတန်းကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးပါ။ သူဟာကျောင်းများတွင် မသင်မနေရဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားအချိန်အတွက် ဒီလိုကကွက်ကို သူကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ပြောဆိုချက်အရ သာမန်သင်ပေးနေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ပျင်းစရာကောင်းတယ်။ ကလေးတွေလည်း သဘောမကျဘူး။ ဒါကြောင့်သူ ဒီကကွက်ကိုဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။  ဒီအကတစ်ခုတည်းနှင့် အများကြီးကိုခန့်မှန်းလို့မရပေမယ့်၊ သေချာတာတစ်ခုကတော့ ဒီ ကျောင်းအုပ်ဆရာဟာ သူ့ကျောင်း/သူတွေ အပေါ်မှာဂရုစိုက်ခြင်း၊ အလုပ်ကိုတာဝန်ထက်ပိုလုပ်တတ်ခြင်းတို့ဟာ ပေါ်လွင်ပါတယ်။ နောက်တစ်ခုက သူကိုယ်တိုင်ဦးဆောင်ပါဝင်မှု ရှိတယ်ဆိုတဲ့အချက်ပါပဲ။ သူဘေးမှာမထိုင်နေပဲ ရှေ့ကနေဦးဆောင်တယ်ဆိုတာပေါ်လွင်ပါတယ်။ ဒီလိုဆရာကြီးမျိုးကို ကျောင်းသား/သူများကလည်း ချစ်ခင်ကြမည်ဆိုတာ သေချာပါတယ်။  မြန်မာပြည်ရဲ့ပညာရေးလောကမှာလည်း ဒီလိုဆရာ/ဆရာမကြီးများရှိမယ်လို့လည်း မျှော်လင့်ပါတယ်။ မိတ်ဆွေရဲ့ အချစ်ဆုံးဆရာ/ဆရာမ ကို Tag လုပ်ရင်း Comment ထဲမှာဖေါ်ပြခဲ့ပါ။ ဆရာ/ဆရာမများ အားလုံးကိုရိုသေစွာဖြင့်။ FranklinCovey Education MyanmarThe …

View Post

စာဖတ်ခြင်း၏ လူသိနည်းသော အကျိုး ၄ ခု။

In Uncategorized by aptunLeave a Comment

စာဖတ်ခြင်း၏ အကျိုး၎ခု။(Goalcast.com မှ 4 Reasons to Read More Books In 2019 ကို ကိုးကားထားသည်။) စာဖတ်ခြင်းသည် အကျိုးများစွာကိုရရှိသည်။ ထိုများစွာသောအကျိုးများထဲမှ လူသိပ်မသိသေးသော အကျိုး၎ခုကို ဒီ Post တွင် ဖေါ်ပြပေးထားပါသည်။ (၁) စိတ်ဖိစီးမှုနည်းစေသည်။ စာဖတ်ခြင်းသည် စိတ်တည်ငြိမ်မှုရရှိစေနိုင်ပြီး စိတ်ဖိစီးမှုလျော့နည်းစေကြောင်းကို သုတေသနများအရ တွေ့ရှိထားပြီးဖြစ်သည်။ အသက်ရှုနှုန်းမှန်ကန်လာခြင်း နှလုံးခုန်နှုန်းမှန်ကန်လာခြင်းတို့ကြောင့် ကျန်းမာရေးလည်းပိုကောင်းလာနိုင်ဟု ဆိုလို့ရပါတယ်။ (၂) အတိတ်မေ့ရောဂါ Alzheimer’s disease ကိုကာကွယ်နိုင်ခြင်း စာဖတ်ခြင်းသည် ဦးနောက်ကို အလုပ်လုပ်ပေးနေသောကြောင့် မှတ်ဥာဏ်ကိုပိုမိုကောင်းစေပြီး အတိတ်မေ့ရောဂါကို ကာကွယ်နိုင်သည်။ (၃) ဘဝကျေနပ်မှု ပိုမိုရရှိစေသည်။ စာဖတ်ခြင်းသည် ဘဝဇာတ်ကောင်များစွာ၏ ရှု့ထောင့်များစွာကိုသိနိုင်ခွင့် ပေးသောကြောင့် မိမိဘဝတွင်အခက်အခဲများနှင့် ကြုံတွေ့လာပါက မိမိစိတ်ကိုအကောင်းဆုံးဖြစ်အောင်ထားတတ်လာသည်။ (၄) စာနာစိတ်ပိုထားတတ်လာသည်။ စာဖတ်နေချိန်တွင် သူများနေရာကိုယူ၍နေရသောကြောင့် စာနာစိတ်ပို၍ရှိလာသည်ဟုလည်း လေ့လာချက်များအရသိရှိထားသည်။ ထို့ကြောင့် FranklinCovey …

View Post

Kindness never goes out of fashion

In Uncategorized by aptunLeave a Comment

လူတစ်ယောက်ရဲ့တန်ဖိုးကို ဘာနဲ့တိုင်းတာလို့ရလဲ? သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့လား သူ့ရဲ့ရာထူးတွေနဲ့လား ဒါမှမဟုတ်…. သူ့ရဲ့ လက်ခံယုံကြည်ကျင့်သုံးနေတဲ့ စိတ်နေစိတ်ထားတွေ အကျင်းတွေနဲ့လား။ သနားကြင်နာဖို့ အခွင့်အရေးရတိုင်း အဲ့ဒီအခွင့်အရေးကို လုံးဝအဆုံးအရှုံးမခံပါနဲ့။ နေ့တိုင်းနေ့တိုင်း သူများကို ကူညီ သနားကြင်နာတတ်တဲ့ သူတစ်ယောက်ဖြစ်လာပါစေ။ Principle-Centered Living. စစ်မှန်တဲ့ မူ၊ စိတ်ထား၊ အလေ့အကျင့်တို့နှင့် နေ့စဉ်ဘဝကို အကျိုးရှိစွာ လျှောက်လှမ်းဖြတ်သန်းပါ။ Most people share this after they have seen it. ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

View Post

Action-Centered Leadership by John Adari

In Do More by aptunLeave a Comment

✅ Leadership အကြောင်းသိကောင်းစရာ။ ✅ ဒီ Post လေးကိုတော့ ပိုပြီး Effective ဖြစ်တဲ့ ခေါင်းဆောင်ဖြစ်လာဖို့ကို စေသနာနှင့် မျှဝေလိုက်ပါတယ်။ အခုနောက်ပိုင်းမှာ Leadership အကြောင်းကို လူတော်တော်များများ စိတ်ဝင်စားလာတာကို တွေ့ရပါတယ်။ ဒါနိုင်ငံအတွက် ကောင်းတဲ့တိုးတက်မှုတစ်ခုလို့ပြောလို့ရပါတယ်။ Leadership နှင့်ပတ်သတ်ပြီး သင်တန်းတွေလည်းအများကြီး ပေါ်ပေါက်လာပါတယ်။ Leadership လို့ပြောတဲ့အခါမှာ Leadership Model တွေအများကြီးရှိတယ်ဆိုတာတော့ စာဖတ်သူများကို သိစေချင်ပါတယ်။ Model တစ်ခုခြင်းမှာလည်း သူ့အားသာချက်နှင့်သူ ရှိပါတယ်။ ဥပမာ ပြောရရင် တရားထိုင်ခြင်းတောင် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့်နည်းလမ်းတွေအများကြီးကို သိထားရင်တော့ ပိုပြီးကောင်းပါတယ်။ Leadership လို့ပြောရင် Models and Philosophies ကိုခွဲပြီးပြောရပါတယ်။ Model ဆိုတာက ဘယ်လိုပြုလုပ်ဆောင်ရွက်တယ် ဆိုတာကို အဓိကထားပြီး၊ Philosophy ဆိုတာကတော့ ခံယူချက်တွေကို အဓိကထားပါတယ်။ ဒီ ၂ ချက်ကိုလည်း …