fbpx

7 Habits’ Inside-Out Approach

"The Most Powerful Lessons In Personal Transformation"
ဒီ Post လေးမှာတော့ "7 Habits of Highly Effective People" ရဲ့

“Inside-Out Approach” ဆိုတာကို မျှဝေသွားပါမယ်။
လူတစ်ယောက်မှာ Character ဆိုတဲ့ အကျင့်စရိုက်နဲ့ Personality ဆိုတဲ့ အပေါ်ပိုင်းဟန်ပန်တို့ရှိပါတယ်။

7 Habits မှာ Character ကို သစ်ပင်တစ်ပင်ရဲ့အမြစ်တွေ အနေနဲ့တင်စားထားပြီး Personality ကိုတော့ ပင်စည်အနေနှင့် တင်စားထားပါတယ်။

အမြစ်ဖြစ်တဲ့ Character က မြေကြီးအောက်ထဲမှာ ရှိနေတဲ့အတွက် လူတွေအပေါ်ယံကြည့်ယုံနဲ့ မမြင်နိုင်ပါဘူး။ လူတစ်ယောက်ရဲ့ Character ကိုလည်း မြင်မြင်ခြင်း မသိနိုင်ပါဘူး။

Personality ကတော့ ပင်စည်ဖြစ်တဲ့အတွက် လူတွေအလွယ်တကူ မြင်နိုင်ပါတယ်။ ဒါကြောင့်လည်းအခု နောက်ပိုင်းမှာ Personality Training တွေ အမြင်ပိုင်းကိုလှအောင်လုပ်တဲ့ training တွေအများကြီးပေါ်လာပါပြီ။ ဘယ်လို လူအထင်ကြီးအောင် ဝတ်စားနေထိုင် ပြောဆိုရမလဲဆိုတာမျိုးတွေပေါ့။

ပြဿနာကဘာလဲဆိုတော့ လူအများစုက အပြင်ပိုင်းကို အရမ်းပြုစုပျိုးထောင်ကြပြီး အတွင်းကအမြစ်တွေကိုတော့ ဂရုမစိုက်ကြဘူး။ Personality over Character ဖြစ်နေကြတယ်။

ပင်စည်ကြီးနေပြီး အမြစ်သေးနေတဲ့ အပင်ကဘယ်လိုဖြစ်နေမလဲ ဆိုတာစဉ်းစားကြည့်ပါ။ Character အမြစ်ကို စတင်ကြီးထွားအောင် မလုပ်မိတဲ့ လူ၊ အမြစ်သေးနေတဲ့သစ်ပင်တစ်ပင်ဟာ ပြင်ပကနေ လာတွန်းလိုက်ရင်၊ လေတိုက်ကြမ်းလိုက်ရင် အလွယ်တကူ ပြိုလဲသွားနိုင်ပါတယ်။

အောင်မြင်ပြီး ပျက်စီးသွားခြင်း၊ အပေါ်ယံမှာအောင်မြင်ချင်ယောင် ဆောင်နေရခြင်းတို့ဟာ Inside မှာရှိနေတဲ့ Character ကိုအလေးမထားပဲ Outside မှာရှိနေတဲ့ Personality ကိုဦးစားပေးမိလို့ပါ။

Personality ကိုအရေးမကြီးဘူးလို့ ဆိုတာမဟုတ်ပါဘူး။

ဒါပေမယ့် Inside-Out Approach ဖြစ်မှသာ စစ်မှန်သော၊ မျှတသော၊ ခိုင်မာသော အောင်မြင်မှုကို ရရှိနိုင်မှာပါ။

7 Habits of Highly Effective People ကဘာလို့ လူတစ်ယောက်အတွက် အကောင်းဆုံးနှင့် စစ်မှန်သော ပြောင်းလဲမှုကိုရရှိစေနိုင်တာလဲ ဆိုရင်တော့ 7 Habits က Inside-Out Approach ဖြစ်လို့ပါ။

Character ကို အရင် ဆောက်တည်ပြီးမှ Personality ကိုဆောက်တည်ရတာပါ။ Private Victory ပြီးမှ Public Victory ကို သွားလို့ရတာပါ။

ဒီ 7 HABITS OF HIGHLY EFFECTIVE PEOPLE က Inside-Out Approach ကို စနစ်တကျဆောက်တည်ထားပြီး တစ်ကယ်ကိုပဲ မိမိလိုချင်တဲ့ ရလာဒ်တွေကို ရရှိနိုင်အောင် ပို့ဆောင်ပေးလျှက်ရှိပါတယ်။

Aung Pye Tun
FranklinCovey’s Master Facilitator
Leadership & Mindset Transformation Coach
Expert in Psychology
#FCMyanmar
#CharacterMindsetEffectiveness
#SocialEmotionalLearning 
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
7 Habits ကို အသုံးပြုပြီး Inside-Out Approach နှင့် အောင်မြင်မှုကိုဆောက်တည်ရန်

”2-Day 7 Habits of Highly Effective People : Principle-Centred Living” workshop မှကြိုဆိုပါတယ်။

Yangon : 16th & 17th February
Mandalay : March (dates to be confirmed)

အသေးစိတ်သိလိုပါက http://www.thebrainportal.com/7-habits-of-highly-effective…/ (သို့)

09 7788 6655 1 ~ 3 ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

FranklinCovey Education Myanmar
“Global Leader in Developing Character, Mindset & Effectiveness.”
“Pioneer and Leader in Social Emotional Learning in Myanmar.”

#7Habits #InsideOut #PrincipleCenteredLiving #PCL

Leave a Comment

Your email address will not be published. Required fields are marked *