fbpx

“Most Powerful Framework In Personal Transformation”

Self-Help စာအုပ်တွေထောင်ပေါင်းများစွာထဲက ဘာလို့ Dr. Stephen R. Covey ရေးခဲ့တဲ့ 7 Habits of Highly Effective People က နှစ်တစ်ရာအတွင်း အကောင်းဆုံးလို့အသိအမှတ်ပြုခံ ထားရတာလဲ

ကျွန်တော်ဒီမေးခွန်းကို ကိုယ်တိုင်မေးခဲ့တယ်။ ဒါပေမယ့် စာအုပ်ကိုဖတ်၊ FranklinCovey သင်တန်းတွေတက်ပြီးသွားတဲ့ အချိန်မှာ အဖြေကသူ့ဟာသူပေါ်လာတယ်။

လူအများစုကတော့ ဒါတွေသိပြီးသားပါလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့လိုက်လုပ်နေလားလို မေးလိုက်ရင်တော့ ၁၀၀ မှာ ၂ ယောက် ၃ ယောက်လောက် ပဲရှိပါတယ်။ ဒီစာအုပ်ထဲက Ideas တွေ ကတော့ အသိကိုထက် အလုပ်ကိုပိုပြီး ဦးစားပေးထားပါတယ်။

ဒီသင်တန်းကို ကျွန်တော်သင်လာတာ ၁ နှစ်ကျော်ကျော်ရှိပါပြီ။ သင်လိုက်တိုင်းလည်း သင်တန်းသားအားလုံးရဲ့ အရမ်းကောင်းသော Feedback များကို ရရှိခဲ့ပါတယ်။ အကျိုးရှိမှုကတော့ သိပ်ပြီးပြောနေစရာမလိုတော့ပါဘူး။ ကျောင်းသားလူငယ်ကစလို့ တက္ကသိုလ် Professor နှင့် သံဃာတော်များပါတက်ရောက်ခဲ့ပြီး လွန်စွာကြိုက်နှစ်သက်ခဲ့ပါတယ်။

ဘာလို့လဲလို့သေချာစဉ်းစားကြည့်လိုက်တဲ့အခါ စနစ် အရမ်းကောင်းလို့ပါ။ 7 Habits ဆိုတာ အကျင့် ၇ ခုကိုရေးထားတာ တင်မဟုတ်ပဲ စနစ်တစ်ခုကို ရေးထားခြင်းကြောင့်ပါ။

တခြားစာအုပ်တွေမှာ ဟိုပေါင်းဒီပေါင်းပြီး ဟိုဟာ ၁၀ ခုတို့ ဒီဟာ ၁၀ ခုတို့ရေးသားထားကြတယ်။ ဒီ 7 Habits ရဲ့ ထူးခြားချက်လေးကို ဒီမှာ ဖော်ပြပေးပါ့မယ်။

ဒီပုံမှာ ဖော်ပြထားတာကို Maturity Continuum (သို့) ပြည့်စုံရင့်ကျက်မှုရဲ့ နိယာမလို့ ခေါ်လို့ရပါတယ်။

ဒီပုံလေးကိုကြည့်ရင် အောက်ဆုံးကစကြည့်ရပါတယ်။ အောက်ဆုံးမှာ DEPENDENCE MINDSET လို့ခေါ်တဲ့ သူများကို အားကိုး မှီခိုတဲ့ စိတ်နေစိတ်ထားရှိပါတယ်။ သူများကို အားကိုး မှီခိုတယ်ဆိုတာ နောက်ဆုံးပြောရရင် မိမိရဲ့တန်ဖိုးကိုတောင်မှ သူများနှင့်ယှဉ်ပြီးမှရရှိနိုင်တာမျိုးပါ။

ဒီလို DEPENDENCE MINDSET ရှိနေသူတွေက ဘယ်လိုမှ မိမိကိုယ်မိမိအကောင်းမမြင်နိုင် တန်ဖိုးမထားနိုင်ပဲ သိမ်ငယ်စိတ်ရှိပြီး သူများကိုပဲ လိုက်မနာလို အတုယူမိနေပါတယ်။ ကျွန်တော်တို့ အများစုဟာလည်း ဒီ MINDSET ထဲမှာနေကြပါတယ်။

နောက်တစ်ဆင့်မြင့်တဲ့ အလယ်က အတန်းလေးမှာတော့ INDEPENDENCE MINDSET ကိုဖေါ်ပြထားပါတယ်။ INDEPENDENCE ဆိုတာကတော့ မိမိကိုယ်မိမိ ယုံကြည်ချက် အပြည့်ရှိလာခြင်း၊ မိမိဘဝအတွက် အရေးအကြီးဆုံးအရာများကို သိရှိလာပြီး၊ လုပ်သင့်လုပ်ထိုက်သော အရာများကို လိုက်လုပ်နိုင်ပြီး မိမိလိုချင်သော ဘဝပန်းတိုင်ကို ရရှိနိုင်ခြင်းတို့ဖြစ်ပါတယ်။

အပေါ်ဆုံးအဆင့်မှာတော့ INTERDEPENDENCE MINDSET ကိုဖေါ်ပြထားပါတယ်။ INdependence MINDSET မှာရပ်သွားတဲ့ လူတစ်ယောက်ဟာ အတ္တကြီးလာတယ်။ ငါသိ ငါတတ် ငါပဲဆိုတာဖြစ်လာတယ်။ ငါတကော ကော လာမျိုးတောင်ဖြစ်လာတတ်ကြလို့ပါ။

INTERdependence ဆိုတာကတော့ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်လာပြီး တစ်ယောက်ထဲ ဘယ်လိုမှမရနိုင်သော ရလာဒ်များကို ပူးပေါင်းဆောင်ရွက်ရင်း ရယူနိုင်ခြင်းဖြစ်ပါတယ်။

MATURITY CONTINUUM အရ DEPENDENCE MINDSET ကနေ INDEPENDENCE MINDSET ကိုရောက်ဖို့ HABITS 1, 2 & 3 ကို ကျင့်သုံးရတယ်။ ဒါကို PRIVATE VICTORY လို့ခေါ်ပါတယ်။ မိမိကိုယ်မိမိ အောင်နိုင်ခြင်းပေါ့။ INDEPENDENCE MINDSET ကနေ INTERDEPENDENCE MINDSET ကိုရောက်ဖို့ HABITS 4, 5 & 6 ကိုကျင့်သုံးရတယ်။ ဒါကို PUBLIC VICTORY လို့ခေါ်ပါတယ်။ အများနှင့် ပူးပေါင်းဆောင်ရွက်ပြီ ပိုကောင်းသောရလာဒ်တွေ ရယူခြင်းပါ။ လူတစ်ယောက်ဟာ Private Victory မရှိသေးပဲ Public Victory ဆိုတာကို ဘယ်နည်းနှင့်မှ မရနိုင်ပါ။

HABIT 7 ကတော့ အားလုံးကိုဝိုင်းထားတဲ့ အတွက်အားလုံးအတွက် အရေးကြီးတယ်။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ လူအများစုသာဒီ အလေ့အကျင့်တွေကို သိထားပြီး နေထိုင်မယ်ဆိုရင် ဘယ်လောက်တောင်တန်ဖိုးရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာမလဲ။

သေချာတာကတော့ ဒီအလေ့အကျင့်တွေထဲက တစ်ခုလောက်ကိုတောင် လိုက်နာကျင့်သုံးမယ်ဆိုရင်တောင် မိမိဘဝအတွက် တိုးတက်မှုတွေအများကြီး ရရှိလာပါမယ်။

ဒီလိုစနစ်တကျ Frame ထဲမှာ ပြုစုထားသောကြောင့်လည်း 7 HABITS ကို “The Most Powerful Lessons In Personal Transformation” လို့သတ်မှတ်ခြင်းကို ခံထားရတာပါ။

နောက်အပိုတစ်ခု မျှဝေချင်တာကတော့ Effectiveness ဆိုတာလေးပါ။ Dr. Stephen R. Covey က Effective ဖြစ်တယ်ဆိုတာ “မိမိလိုချင်တဲ့၊ မိမိအတွက်အရေးကြီးတဲ့ ရလာဒ်တွေကို ထပ်ခါတလဲလဲ ရအောင်နေထိုင်နိုင်ခြင်း” လို့ဆိုပါတယ်။ ဒီ Habits တွေကိုသိပြီးနေထိုင်မယ်ဆိုရင် လူတစ်ယောက်ဟာ Effectiveness ကိုရရှိမှာ သေချာပါတယ်။

ဒီ 7 HABITS OF HIGHLY EFFECTIVE PEOPLE ကတစ်ကယ်ကိုပဲ မိမိလိုချင်တဲ့ ရလာဒ်တွေကို ရရှိနိုင်အောင် ပို့ဆောင်ပေးလျှက်ရှိပါတယ်။

Aung Pye Tun
FranklinCovey’s Master Facilitator
Mindset Transformation Coach
Expert in Psychology

#FCMyanmar
#CharacterMindsetEffectiveness
#SocialEmotionalLearning 

Leave a Comment

Your email address will not be published. Required fields are marked *