fbpx

အရှုံးမပေးပဲ စိတ်ဓါတ်ကြံ့ခိုင်တဲ့ လူတွေမှာရှိတဲ့ အပြုအမူ ၆ခု။

? 6 Behaviours of Resilient People ?

?Self-Motivated :
စိတ်ဓါတ်တက်ကြွမှုနှင့် ပြင်းပြမှုတို့ဟာ ကိုယ့်စိတ်ထဲကလာတယ်။ သူများပြောလို့လုပ်တာမျိုး၊ လိုချင်တာမျိုးမဟုတ်။ သူများအားပေးမှုလည်း မလိုအပ်။ ကိုယ့်ကိုယ်ကိုယ် အားပေးနိုင်တယ်၊ အားပေးတယ်။
?လိုအပ်သောအရည်အချင်း : Self-Awareness

?Learn from failures :
အမှားလုပ်မိရင် စိတ်ဓါတ်မကျပဲ အမှားထဲက သင်ခန်းစာကိုအမြဲယူတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၊ စိတ်ညစ်နေတာထက်၊ အခြေအနေ ပိုပြီးကောင်း မယ်ဆိုတာကို ယုံကြည်တယ်။
?လိုအပ်သောအရည်အချင်း : Positive Thinking

?Find alternative solutions :
အခက်အခဲကြုံတွေ့လာရင် ဖြတ်ထိုးစဉ်းစားဉာဏ်ဖြင့် မတူသော ထူးခြားသော နည်းလမ်းသစ်များကို ရှာဖွေနိုင်စွမ်းရှိတယ်။
?လိုအပ်သောအရည်အချင်း : Creativity

?Seek help from others :
သူများကို အကူအညီတောင်းဖို့ကို မရှက်ဘူး။ မသိတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းမေးတတ်ပြီး ကိုယ့်ထက်သိသူတွေဆီက လေ့လာမှုတွေပြုလုပ်တယ်။
?လိုအပ်သောအရည်အချင်း : Humility

?Manage difficult situations calmly : ပြဿနာကိုရင်ဆိုင်ရရင် စိတ်ကိုအေးအေးဆေးဆေးထားပြီး စဉ်းစားနိုင်စွမ်းရှိတယ်။ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်။
?လိုအပ်သောအရည်အချင်း : Self-Control

?Open to new experiences :
စိတ်ဝင်စားမှုရှိပြီး မသိသေးသော ပညာ၊ အတွေ့အကြုံ၊ အတွေးအခေါ်တွေကို စဉ်းစားပြုလုပ်ဖို့ အမြဲကြိုဆိုနေတယ်။
?လိုအပ်သောအရည်အချင်း : Curiosity

အရှုံးမပေးတဲ့ စိတ်ဓါတ်ဟာ လူတွေရဲ့တစ်ဘဝလုံးအတွက် အရေးကြီးဆုံးအရည်အချင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းဟာ ကျဆုံးခြင်း၊ မအောင်မြင်ခြင်းနှင့် အခက်အခဲများစွာကို ရင်ဆိုင်ရမှာပါ။ ဒီလိုရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်လိုတုန့်ပြန်လဲ ဆိုတာကလူတစ်ဦးနှင့်တစ်ဦးကို မတူတဲ့လမ်းတွေပေါ်ဆွဲခေါ်သွား ခြင်းထဲမှာ အရေးကြီးဆုံးမချက်တစ်ခုဖြစ်ပါတယ်။

ဒီအရည်အချင်းတွေကို မွေးထုတ်ပေးခြင်းကို Social and Emotional Learning (#SEL) လို့ခေါ်ပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာ SEL ကိုအလေးပေးပြီး သင်ပေးနေကြတာပါ။

မြန်မာပြည်မှာလည်း SEL ကို FranklinCovey Education Myanmar က စတင်၍ မိဘများ၊ ဆရာ/ဆရာမများနှင့် လူငယ်များ နားလည်သဘောပေါက်ပြီး ကျင့်သုံးလာအောင် ကျောင်းများ၊ သက်ဆိုင်ရာလူကြီးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

လူငယ်များအတွက် ဒီလိုသင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါတယ်။ အသေးစိတ်သိလိုပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Ref: Ministry of Education Singapore 

သူများတွေလည်းတန်ဖိုးရှိအောင် Share သွားပေးပါ။

????????????????????

FranklinCovey Education Myanmar
The pioneer and leader in Social and Emotional Learning in Myanmar.

We develop Character, Mindset and Effectiveness.
09 7788 6655 1~3

#SEL #7Habits #Character #Leadership

Leave a Comment

Your email address will not be published. Required fields are marked *