ယဉ်ကျေးတာထက် ပိုပါစေ။

In Uncategorized by aptunLeave a Comment

မိဘတွေဟာသား/သမီးတွေကို ငယ်ငယ်လေးမှစ၍ စကားကိုယဉ်ယဉ်ကျေးကျေးပြောအောင် ဆိုဆုံးမကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ယဉ်ကျေးတာနှင့် လုံလောက်သွားပြီလား။ ယဉ်ကျေးတာနှင့် ကျေးဇူးတရားကိုသိတာနှင့်တူလားဆိုတဲ့ မေးခွန်းတွေဟာ မေးစရာဖြစ်လာပါတယ်။ 

သုတေသနတွေအရ ကျေးဇူးတရားကိုသိတာဟာ လူတစ်ယောက်ရဲ့စိတ်ကျန်းမာရေးအတွက် အရမ်းအရေးကြီးတယ် ဆိုတာကိုငြင်းလို့မရပါဘူး။ 

ပိုအရေးကြီတဲ့အချက်က စကားကို ယဉ်ယဉ်ကျေးကျေး ပြောတတ်တာနဲ့ သူများရဲ့ ကျေးဇူးကိုသိတတ်တာနဲ့က မတူဘူးဆိုတာပါပဲ။ သူများကို ကျေးဇူးတင်ပါတယ် ပြောတာက သူများရဲ့ကျေးဇူးကို သိတယ်လို့ပြောလို့မရပါဘူး။ ကျေးဇူးတင်စကားမပြောတာထက် ပိုကောင်းပေမယ့် တကယ်ကျေးဇူးသိတတ်တယ်လို့ ဆိုလို့မရပါဘူး။ ပါးစပ်ဖြားလေးမှာတင် ပြီးသွားတဲ့စကားက အဲ့လောက်တန်ဖိုးမရှိပါဘူး။

ဒါကြောင့်မိဘတွေအနေနဲ့ ကလေးတွေကိုဆုံးမတဲ့အခါမှာ ယဉ်ယဉ်ကျေးကျေးပြောတတ်ဖို့ဆိုတာက အဆုံးမဖြစ်စေသင့်ပါ။ သူများရဲ့ကျေးဇူးတရားကို သိတတ်ဖို့ကပိုအရေးကြီးပါတယ်။ ဥပမာအားဖြင့် မိမိတို့အိမ်မှာနေတဲ့ အိမ်အကူကိုလည်း ကျေးဇူးတင်စကားသာမက ကျေးဇူးသိတတ်အောင်ပါ သင်ပေးသင့်ပါတယ်။

နောက်တစ်ခေါက်ပြန်သတိပေးချင်တာက ကျေးဇူးတရားကိုသိတယ်ဆိုတာ သူများကိုအကျိုးပြုတာထက် ကိုယ့်ကိုယ့်ကိုယ်အများကြီး ပိုအကျိုးပြုတယ်ဆိုတဲ့အချက်လေးပါပဲ။ ဒါကြောင့် ဒီအသိတရားလေးကို မိမိရဲ့သား သမီးတွေကို မဖြစ်မနေသင်ပေးသင့်ပါတယ်။

📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖
ဒီအရည်အချင်းတွေကို မွေးထုတ်ပေးခြင်းကို Social and Emotional Learning (#SEL) လို့ခေါ်ပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာ SEL ကိုအလေးပေးပြီး သင်ပေးနေကြတာပါ။

မြန်မာပြည်မှာလည်း SEL ကို FranklinCovey Education Myanmar က စတင်၍ မိဘများ၊ ဆရာ/ဆရာမများနှင့် လူငယ်များ နားလည်သဘောပေါက်ပြီး ကျင့်သုံးလာအောင် ကျောင်းများ၊ သက်ဆိုင်ရာလူကြီးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

လူငယ်များအတွက် ဒီလိုသင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါတယ်။ အသေးစိတ်သိလိုပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Ref: Ministry of Education Singapore
📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖
FranklinCovey Education Myanmar
The pioneer and leader in Social and Emotional Learning in Myanmar.

We develop Character, Mindset and Effectiveness.

09 7788 6655 1~3
#SEL #7Habits #Character #Leadership

Leave a Comment