ကျောင်းသားများနှင့် ပျော်ရွှင်စွာကခုန်နေသော ကျောင်းအုပ်ဆရာ။

In Uncategorized by aptunLeave a Comment

ကျောင်းသားများနှင့် ပျော်ရွှင်စွာကခုန်နေသော ကျောင်းအုပ်ဆရာ။

အသက် ၄၀ အရွယ်ရှိတဲ့ Mr. Zhang Pengfei ဟာ တရုပ်ပြည်နယ်တစ်ခုက မူလတန်းကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးပါ။ သူဟာကျောင်းများတွင် မသင်မနေရဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားအချိန်အတွက် ဒီလိုကကွက်ကို သူကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။

သူ့ရဲ့ပြောဆိုချက်အရ သာမန်သင်ပေးနေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ပျင်းစရာကောင်းတယ်။ ကလေးတွေလည်း သဘောမကျဘူး။ ဒါကြောင့်သူ ဒီကကွက်ကိုဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအကတစ်ခုတည်းနှင့် အများကြီးကိုခန့်မှန်းလို့မရပေမယ့်၊ သေချာတာတစ်ခုကတော့ ဒီ ကျောင်းအုပ်ဆရာဟာ သူ့ကျောင်း/သူတွေ အပေါ်မှာဂရုစိုက်ခြင်း၊ အလုပ်ကိုတာဝန်ထက်ပိုလုပ်တတ်ခြင်းတို့ဟာ ပေါ်လွင်ပါတယ်။ နောက်တစ်ခုက သူကိုယ်တိုင်ဦးဆောင်ပါဝင်မှု ရှိတယ်ဆိုတဲ့အချက်ပါပဲ။ သူဘေးမှာမထိုင်နေပဲ ရှေ့ကနေဦးဆောင်တယ်ဆိုတာပေါ်လွင်ပါတယ်။

ဒီလိုဆရာကြီးမျိုးကို ကျောင်းသား/သူများကလည်း ချစ်ခင်ကြမည်ဆိုတာ သေချာပါတယ်။ 

မြန်မာပြည်ရဲ့ပညာရေးလောကမှာလည်း ဒီလိုဆရာ/ဆရာမကြီးများရှိမယ်လို့လည်း မျှော်လင့်ပါတယ်။ မိတ်ဆွေရဲ့ အချစ်ဆုံးဆရာ/ဆရာမ ကို Tag လုပ်ရင်း Comment ထဲမှာဖေါ်ပြခဲ့ပါ။

ဆရာ/ဆရာမများ အားလုံးကိုရိုသေစွာဖြင့်။

FranklinCovey Education Myanmar
The Pioneer and Leader in Social Emotional Learning in Myanmar.

#SEL #sChOOL #Teachers

Leave a Comment