Action-Centered Leadership by John Adari

In Do More by aptunLeave a Comment

✅ Leadership အကြောင်းသိကောင်းစရာ။ ✅

ဒီ Post လေးကိုတော့ ပိုပြီး Effective ဖြစ်တဲ့ ခေါင်းဆောင်ဖြစ်လာဖို့ကို စေသနာနှင့် မျှဝေလိုက်ပါတယ်။

အခုနောက်ပိုင်းမှာ Leadership အကြောင်းကို လူတော်တော်များများ စိတ်ဝင်စားလာတာကို တွေ့ရပါတယ်။ ဒါနိုင်ငံအတွက် ကောင်းတဲ့တိုးတက်မှုတစ်ခုလို့ပြောလို့ရပါတယ်။

Leadership နှင့်ပတ်သတ်ပြီး သင်တန်းတွေလည်းအများကြီး ပေါ်ပေါက်လာပါတယ်။ Leadership လို့ပြောတဲ့အခါမှာ Leadership Model တွေအများကြီးရှိတယ်ဆိုတာတော့ စာဖတ်သူများကို သိစေချင်ပါတယ်။

Model တစ်ခုခြင်းမှာလည်း သူ့အားသာချက်နှင့်သူ ရှိပါတယ်။ ဥပမာ ပြောရရင် တရားထိုင်ခြင်းတောင် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့်နည်းလမ်းတွေအများကြီးကို သိထားရင်တော့ ပိုပြီးကောင်းပါတယ်။

Leadership လို့ပြောရင် Models and Philosophies ကိုခွဲပြီးပြောရပါတယ်။ Model ဆိုတာက ဘယ်လိုပြုလုပ်ဆောင်ရွက်တယ် ဆိုတာကို အဓိကထားပြီး၊ Philosophy ဆိုတာကတော့ ခံယူချက်တွေကို အဓိကထားပါတယ်။ ဒီ ၂ ချက်ကိုလည်း သေသေချာချာသိထားသင့်ပါတယ်။

Leadership Models တွေအများကြီးထဲကမှ အခုတင်ပြပေးမယ့် Action-Centered Leadership (ACL) ကတော့ အရိုးရှင်းဆုံးနှင့် နားလည်ရအလွယ်ဆုံးလို့ ပြောလို့ရပါတယ်။

ACL ကိုစတင် ပြောခဲ့သူကတော့ Professor John Adair ပါ။ သူဟာ World’s first professor in leadership studies ပါ။

ACL က leaders တွေကို ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြထားတာပါ။ ခေါင်းဆောင်တစ်ယောက်မှာ အရေးကြီးတဲ့ တာဝန် ၃ ခုရှိတယ် (ပုံကိုကြည့်ပါ)။

(၁) Task ~ အဖွဲ့အစည်းရဲ့ အကျိုး 🏁

(၂) Team ~ မိမိအဖွဲ့အစည်း  🔥

(၃) Individual ~ မိမိလက်အောက်ငယ်သားတစ်ယောက်ခြင်း အကျိုး  ❤️

ဒီ ၃ ခုလုံးကို သင့်တင့်မျှတအောင် ပြုလုပ်နေနိုင်မှ ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ကျေမယ်လို့ဆိုပါတယ်။

ဥပမာ ၁- စီးပွားရေး (Task) ရလာဒ်တွေကောင်းနေပေမယ့်၊ မိမိရဲ့အဖွဲ့ထဲမှာ(Team) သင့်မြတ်မှုတွေမရှိ၊ ရန်တွေဖြစ်နေရင်ဆိုရင် ရေရှည်အဆင်မပြေနိုင်ပါ။

ဥပမာ ၂- Team ထဲမှာတော့ ရင်းနှင်းမှု၊ ခင်မင်မှုတွေပြည့်နေပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ရလာဒ်တွေမရှိရင်လည်း အဆင်မပြေပါဘူး။

ဥပမာ ၃- Task & Team တော့အဆင်ပြေပါတယ်။ ဒါပေမယ့် မိမိလက်အောက်ငယ်သား တစ်ယောက်ခြင်းရဲ့ တိုးတက်မှုကို ဘာမမလုပ်ပေးနေရင်လည်း ဒါခေါင်းဆောင်မှု ပြည့်ဝတယ်လို့မဆိုလိုပါဘူးတဲ့။

😵😵😵 တော်တော်မလွယ်ပါလားနော် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့။ 😵😵😵

📏📏📏 ဒီ Model ရဲ့ အားသာချက်ကတော့ မိမိကိုယ်ကိုယ်မိမိ အလွယ်တကူ တိုင်းတာသုံးသပ်လို့ ရလို့ပါ။

မိမိကိုယ်မိမိ ပြန်မေးပါ။ Task ၁ ခုတည်းကိုပဲ focus ထားနေသူလား။ Team အတွက်ကော ဘာတွေလုပ်နေလဲ။ Individual အတွက်ကော ဘာတွေလုပ်နေလဲ ဆိုတာ။

🏆 အားလုံးကို ခြုံပြီးပြောရရင် Task , Team & Individual ကိုအမြဲတိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

🏆 ဒီလိုအကျိုးရှိစေမယ့် ဗဟုသုတတွေကို ဆက်လက်ပြီး အမြဲတင်ပေးသွားပါမယ်။

<<<<<<<Feel free to share it with your friends if you enjoyed reading it.>>>>>>>

Leave a Comment